ကရင်ပြည်နယ် မြ၀တီခရိုင်
မြ၀တီမြို့ အောင်မြေရွှေဘုံ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင်  ကျောင်းနှင့်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့
အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင်လ (၁၃)ရက် နံနက် (၇)နာရီ က အဆိုပါ
ကျောင်းဝင်းအတွင်းမှာ ကျင်းပကြောင်း သိရပါသည်။ အစီအစဉ်အရ ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး
က ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး အမှာစကား
ပြောကြားကာ မြို့နယ် ပညာရေးမှူး ဒေါ်လှလှမြင့် က ကျေးဇူးတင်စကား ပြောကြားပါသည်။ ဆက်လက်ပြီး
သစ်ပင်ပျိုးပင်များကို ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးများက မြို့နယ်ပညာရေးမှူး နဲ့
ကျောင်းအုပ်ဆရာမကြီး သို့ ပေးအပ်ပါသည်။ အဲဒီနောက် အရိပ်ရ လေကာပင် ပန်းအလှပင် စုစုပေါင်း
(၂၄၅)ပင်ကို တပျော်တပါး စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking