ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် ရခိုင်ပြည်နယ်
အတွင်းရှိဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဇူလိုင်လ(၄)ရက် မနက်ပိုင်းက
စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျင်းပပါသည်။ အခမ်းအနားမှာ
ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းမှ အဖွင့်အမှာစကား ပြောကြားပါသည်။ အဲဒီနောက်
အခမ်းအနား တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေး
တင်ပြချက်များအပေါ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကာ အခမ်းအနားကို
ရပ်နားလိုက်ကြောင်း သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking