ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
အတွင်း နေထိုင်လျက်ရှိသော တိုင်းရင်းသား ပြည်သူများ အသက်ပြည့်မီပါက နိုင်ငံသား စိစစ်ရေးကဒ်ပြားများ
ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက မိုးပွင့်စီမံချက်
များဖြင့် နေ့ချင်းပြီး အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးလျှက် ရှိရာ ဇူလိုင်လ(၇)ရက်နေ့မှ
စတင်၍ မိုးပွင့်အဆင့် (၆)စီမံချက်ကို ဆောင်ရွက်ပေးလျှက် ရှိနေပြီဖြစ်ပါသည်။ ဇူလိုင်လ(၈)ရက်နေ့
နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာ
အုပ်စု၊ ညောင်ကန်ကျေးရွာတွင် နိုင်ငံသား စိစစ်ရေးကဒ်ပြားများ ပေးအပ်ပွဲ ကျင်းပပါသည်။
Geen opmerkings nie:
Plaas 'n opmerking