ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည်
မြန်မာ-စင်ကာပူ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်သို့ လေ့လာရန်အတွက် ဇူလိုင်လ(၁၃)ရက်
နံနက်(၈)နာရီတွင် စင်ကာပူသမ္မတနိုင်ငံသို့ ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး၊ စည်ပင်သာယာရေး ဝန်ကြီး
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံရုံး သံရုံးယာယီတာဝန်ခံ
(Mr.William
Chik Kam Weng) နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်
ကြပါတယ်။ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး
ဦးတင်ဦးလွင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်၊ ကျန်းမာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြပါသည်။
Geen opmerkings nie:
Plaas 'n opmerking