ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီးတစ်ခ် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် ဥက္ကဌ မီးစ် ဟုန်းဘို
ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီကနေ့ ဇူလိုင်လ (၇)ရက် မနက်(၁၀)နာရီမှာ နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံပါသည်။အဆိုပါ တွေ့ဆုံပွဲသို့
ဒုတိယ သမ္မတ နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော် နှင့်
တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။ ထိုသို့ တွေ့ဆုံရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ
အစီအစဉ် ထူထောင်ပြီး ကျေးလက်ဒေသ လူမှုစီးပွားဘ၀ မြှင့်တင်ရေး၊ အထူးစီးပွားရေးဇုန်များတွင်
တာဝန်သိ ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်သွားရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။
Geen opmerkings nie:
Plaas 'n opmerking