စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရန်
အတွက် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဒေသအဆင့်နှင့် အမျိုးသားအဆင့် ဆွေးနွေးပွဲများကို ကျင်းပခဲ့ပြီး
ဆွေးနွေးပွဲ ရလဒ်များအပေါ် ဆက်လက် အကောင်အထည်ဖော်ခဲ့ရာ လက်ရှိ အချိန်ထိ ပြီးစီးမှု၊ ဆက်လက်
ဆောင်ရွက်ရန် ကျန်ရှိမှု၊ နောက်ဆုံး တိုးတက်မှု အခြေအနေတို့ကို နှစ်ဝက် သုံးသပ်ဆွေးနွေးပွဲ
ကျင်းပ၍ ရှေ့လုပ်ငန်းစဉ်နှင့် ပြုပြင်ဆောင်ရွက် သင့်သည်များကို ဆွေးနွေးဖော်ထုတ်ခြင်း
ဖြစ်ပါကြောင်းဖြင့် ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် က ဇူလိုင်လ (၂၁)ရက်နေ့က စွမ်းအင်ဝန်ကြီးဌာန
ရတနာခန်းမ၌ ကျင်းပသည့် စွမ်းအင်ဝန်ကြီးဌာန၏ စွမ်းအင်ကဏ္ဍ ရှေ့လုပ်ငန်းစဉ်များနှင့် ပြုပြင်ဆောင်ရွက်
သင့်သည်များ အမျိုးသားအဆင့် ဆွေးနွေးဖော်ထုတ်ခြင်း ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။ 
Geen opmerkings nie:
Plaas 'n opmerking