မန္တလေးမြို့
အထွေထွေရောဂါကု ဆေးရုံကြီးမှာ ကျန်းမာရေး စောင့်ရှောက်မှုများတွင် အသုံးပြုရန် အတွက်
အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ဇူလိုင်လ (၂၄)ရက်နေ့က မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး
အစည်းအဝေး ခန်းမမှာ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် က တိုင်းဒေသကြီး
အစိုးရ အဖွဲ့အနေဖြင့် စီမံဆောင်ရွက်မှုများ၊ မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင်
လိုအပ်လျက်ရှိသည့် အဆောက်အဦးနှင့် ကျန်းမာရေးဆိုင်ရာ ခေတ်မီ စက်ကိရိယာ ပစ္စည်းများ ဖြည့်ဆည်းပြီး
ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနေမှု နှင့် ကျန်းမာရေးအတွက် ဆက်လက် ဆောင်ရွက်ပေးမည့်
အစီအစဉ်များကို ရှင်းလင်း ပြောကြားပါသည်။ အဲဒီနောက် မန္တလေးမြို့ နေ အလှူရှင် ဦးသက်ဝေ၊
ဒေါ်ကြည်မေ (အေးရှ အင်နာဂျီ ကုမ္ပဏီ လီမိတက်) မိသားစုတို့မှ မန္တလေးမြို့ အထွေထွေရောဂါကု
ဆေးရုံကြီး၌ ကျန်းမာရေး စောင့်ရှောက်မှုများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ် သိန်း(၁)ထောင်
ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာမောင်ဝင်း က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ
ပြန်လည်ပေးအပ်ခဲ့ ပါသည်။
Geen opmerkings nie:
Plaas 'n opmerking