အမျိုးသား လွှတ်တော်
ဥက္ကဌ ဦးခင်အောင်မြင့်သည် ဂျပန်အောက်လွှတ်တော် အမတ်နှင့် ဂျပန်-မြန်မာ ပါလီမန် ချစ်ကြည်ရေး
အသင်း ဥက္ကဌ မစ္စတာ အိချိရို အအိစာဝါ ဦးဆောင်သော အဖွဲ့အား ဇူလိုင်လ (၉)ရက် နံနက်(၁၁)
နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်တွင်
လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နှင့်အတူ
ဒုတိယဥက္ကဌ ဦးမြညိမ်း၊ ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေးအသင်း အတွင်းရေးမှူး
ဦးဝင်းနိုင်ရှိန်နှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြပါသည်။
ထိုသို့တွေ့ဆုံစဉ် ရှိပြီးဖြစ်သည့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို တိုးမြှင့် တည်ဆောက်ရေးနှင့်
နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးခဲ့ကြပါသည်။
Geen opmerkings nie:
Plaas 'n opmerking