Vrydag 25 Julie 2014

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့တော်ခန်းမမှာ ဇူလိုင်လ (၂၃)ရက်နေ့ မနက်က နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က အစိုးရအဖွဲ့အနေနဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေးမှာ အခြေခံအုတ်မြစ် ခိုင်မာအောင် ဆောင်ရွက်ပေးရမည့် တာဝန်နဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ့် တာဝန်နဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမဲ့ တာဝန်တို့ကို ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များကို တင်ပြပေးရန်နှင့် တင်ပြချက်များ အပေါ် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။ အဲဒီနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ပြည်နယ်အတွင်းရှိ ကဏ္ဍအသီးသီးတို့၏ တိုးတက်မှုများနှင့် လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးမှူးများ က ဒေသတွင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို လည်းကောင်း၊ မြို့နယ် (၉)မြို့နယ်မှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့် စည်ပင်သာယာရေး ကော်မတီဝင်တို့က ဒေသတွင်းလိုအပ်သော လုပ်ငန်းများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက ပြန်လည်ဆွေးနွေးကြပါသည်။ အဲဒီနောက် ပြည်နယ်အစိုးရအဖွဲ့က မြို့နယ် (၉)မြို့နယ်အတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၄၀ဝ) စီဖြင့် စုစုပေါင်း ငွေကျပ် သိန်း (၃၆၀ဝ)ကို လည်းကောင်း၊ ကျောင်းသုံးဗလာ စာအုပ် ဒါဇင် (၃၀ဝ)စီဖြင့် ဒါဇင်ပေါင်း (၂၇၀ဝ) ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။


Geen opmerkings nie:

Plaas 'n opmerking