ဩစတြေးလျနိုင်ငံဟာ
မလေးရှားလေယာဉ် (အမ်အိတ်၁၇) ပျက်ကျရာနေရာ ဘေးအန္တရာယ် ကင်းရှင်းဖို့အတွက် နယ်သာလန်နိုင်ငံက
ဦးဆောင်သည့် နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့ရဲ့ အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်ရန် ဥရောပသို့
ကာကွယ်ရေး တပ်ဖွဲ့ဝင်များနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ရာကို ပို့ဆောင်ပေးမှာဖြစ်ကြောင်း ဩစတြေးလျ
ဝန်ကြီးချုပ် တိုနီအက်ဘော့က ဇူလိုင်လ (၂၅)ရက်နေ့မှာ ပြောကြားလိုက်ပါသည်။ ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ဝင်
(အေအက်ဖ်ပီ)အဖွဲ့မှ အရာရှိ(၉၀)ဟာ ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုနဲ့ ဆွေးနွေးဖို့အတွက်
ယူကရိန်းလွတ်တော်ရဲ့ သဘောတူညီချက်ရရန် လန်ဒန်မှာ စောင့်ဆိုင်းနေကြတာ ဖြစ်ကြောင်း သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking