ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်သည်
ဇူလိုင်လ(၁၁)ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ နေပြည်တော်-ရန်ကုန်
အပိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု မိုင်တိုင်အမှတ် (၁၉၇-၅)မိုင်နှင့်
(၁၉၇/၆)ကြားတွင် တံတားဆောက်လုပ် စီမံကိန်း အထူးဖွဲ့ (၃)မှ မီးရထားကျော် တံတား (အသွားလမ်း/အပြန်လမ်း)
နှစ်ဘက်လုံး တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရူ့စစ်ဆေးပြီး
တံတားလုပ်ငန်းများ စံချိန်စံညွန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေး မှာကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်-ရန်ကုန်အပိုင်း မိုင်တိုင်အမှတ်
(၁၇၆/၆)နှင့် (၁၇၆/၇)ကြားတွင် ဖိုးလုံးချောင်း တံတား တိုးချဲ့ဆောက်လုပ်နေမှု ရန်ကုန်-မန္တလေး
အမြန်လမ်း (နေပြည်တော်-မန္တလေးအပိုင်း) (၂၂၇/၆)နှင့် (၂၂၇/၇)ကြားတွင် တံတားဆောက်လုပ်ရေး
စီမံကိန်း အထူးအဖွဲ့ (၁၄)မှ ပိုတက်လျှို-၁ တံတား (အသွားလမ်း/အပြန်လမ်း) နှစ်ဘက်လုံး
တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ကြည့်ရူ့စစ်ဆေးပြီး တာဝန်ရှိသူများအား
လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။
Saterdag 12 Julie 2014
ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ နေပြည်တော်-ရန်ကုန် အပိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရူ့စစ်ဆေး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်သည် ဇူလိုင်လ(၁၁)ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ နေပြည်တော်-ရန်ကုန် အပိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု မိုင်တိုင်အမှတ် (၁၉၇-၅)မိုင်နှင့် (၁၉၇/၆)ကြားတွင် တံတားဆောက်လုပ် စီမံကိန်း အထူးဖွဲ့ (၃)မှ မီးရထားကျော် တံတား (အသွားလမ်း/အပြန်လမ်း) နှစ်ဘက်လုံး တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရူ့စစ်ဆေးပြီး တံတားလုပ်ငန်းများ စံချိန်စံညွန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေး မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်-ရန်ကုန်အပိုင်း မိုင်တိုင်အမှတ် (၁၇၆/၆)နှင့် (၁၇၆/၇)ကြားတွင် ဖိုးလုံးချောင်း တံတား တိုးချဲ့ဆောက်လုပ်နေမှု ရန်ကုန်-မန္တလေး အမြန်လမ်း (နေပြည်တော်-မန္တလေးအပိုင်း) (၂၂၇/၆)နှင့် (၂၂၇/၇)ကြားတွင် တံတားဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့ (၁၄)မှ ပိုတက်လျှို-၁ တံတား (အသွားလမ်း/အပြန်လမ်း) နှစ်ဘက်လုံး တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ကြည့်ရူ့စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။
Teken in op:
Plaas opmerkings (Atom)
Geen opmerkings nie:
Plaas 'n opmerking