Maandag 21 Julie 2014

နစ်မြှုပ်သွားခဲ့တဲ့ ကော့စတာ-ကွန်ကော့ဒီးယားရဲ့ ဦးပိုင်းကို မြင်တွေ့

ပြီးခဲ့တဲ့(၂၀-၇-၁၄) ရက်နေ့လည်ပိုင်းမှ (၂၁-၇-၁၄) ရက်နေ့ မနက်အထိ ရိုက်ကူးခဲ့တဲ့ မှတ်တမ်းတင် ဗီဒိယိုအရ နစ်မြှုပ်သွားခဲ့တဲ့ ကော့စတာ-ကွန်ကော့ဒီးယားရဲ့ ဦးပိုင်းကို မြင်တွေ့နေရပြီဖြစ်ကြောင်း သိရပါသည်။ ညခင်းမှဆယ်မယူခင်မှာတော့ တစ်ချိန်က အရောင်တလက်လက် ဝင့်ကြွားခဲ့တဲ့ သင်္ဘောကြီးရဲ့ ဦးပိုင်းဟာ သံချေးများနဲ့ ဖုံးအုပ်နေပြီး ဆယ်ယူမှု လုပ်ငန်းစဉ်များလည်း ပြီးစီးလုပြီဖြစ်ကြောင်း သိရပါသည်။ တန်ချိန် (၁)သိန်း(၁)သောင်းခွဲလောက်ရှိတဲ့ ကွန်ကော့ဒီးယားကို အခုလ(၁၄)ရက်နေ့က စတင် ဆယ်ယူခဲ့ပြီး ဆယ်ယူသူများကတော့ စပွန်ဆန်ခေါ် သတ္တုသေတ္တာများ အတွင်းကို လေများ ထည့်သွင်းခဲ့ကြကြောင်းနဲ့ ဒီသတ္တုသေတ္တာကြီးများက ပင်လယ်ရေအောက် (၇.၅)မီတာမှာ လဲလျောင်းနေတဲ့ ကွန်ကော့ဒီးယားကို ရေပြင်ပေါ်သို့ တွန်းပို့ပေးမှာဖြစ်ကြောင်း သိရှိရပါသည်။ သင်္ဘောကြီး တစ်စင်းလုံးကိုတော့ ဒီကနေ့ (၂၂-၇-၁၄) ရက်နေ့မှာ ဆယ်ယူပြီးစီးဖို့ ခန့်မှန်းထားပေမယ့် ဆယ်ယူရေးအဖွဲ့ခေါင်းဆာင် နစ်စ်စလုန်းကတော့ ဆိုးဝါးတဲ့ရာသီဥတုကြောင့် ကြန့်ကြာနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။ ဂျီနိုအာကမ်းခြေအနီးမှ ဆယ်ယူခဲ့တဲ့ အခုလုပ်ငန်းစဉ်ဟာ ပင်လယ်တွင်းမှ ပြန်လည်ဆယ်ယူမှု လုပ်ငန်းစဉ်များ သမိုင်းမှာ ကြီးကျယ်တဲ့ လုပ်ငန်းစဉ်အဖြစ် ပါဝင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

Geen opmerkings nie:

Plaas 'n opmerking