နယ်စပ်ဒေသရှိပြည်သူများ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်
ရေးနှင့် ဆင်းရဲမှု လျော့ချနိုင်ရေးအတွက် လမ်းပန်း ဆက်သွယ်ရေးသည် အဓိကကျသဖြင့် ရှမ်းပြည်နယ်
(အရှေ့ပိုင်း) မိုင်းခုတ်မြို့နယ်ခွဲရှိ ဝမ်းကောင်းကျေးရွာ နှင့် ပါမူကျေးရွာချင်းဆက်
မြေသားလမ်းအရှည် (၃)မိုင်၊ အကျယ်ပေ (၂၀) ဖောက်လုပ်ရန်အတွက် နိုင်ငံတော်မှ ၂၀၁၄-၂၀၁၅
ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေ ကျပ် သိန်း (၃၆၀) ခွင့်ပြုချထားပေးခဲ့ပါသည်။အဆိုပါ လမ်းဖောက်လုပ်ရေး
လုပ်ငန်းအဆင်ပြေချောမွေ့စေရေး၊ သတ်မှတ်စံချိန်စံညွန်းများနှင့် အညီအချိန်မီ ပြီးစီးရေးအတွက်
မိုင်းဆတ်ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေး မှူးများ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ
ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊မြို့နယ်ခွဲဦးစီးမှူး နှင့်တာဝန်ရှိသူတို့သည် ဇူလိုင်လ
(၁၂) ရက်နံနက်က လမ်းကြောင်းတစ်လျောက် သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဒေသခံပြည်သူများ၏
သောက်သုံးရေ လိုအပ်ချက်ကို သတ်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း
သိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking