အယ်လ်ဂျီးရီးယား
ပို့ဆောင်ရေးဝန်ကြီး (အာမာ ဂူးလ်)က အယ်လ်ဂျီးရီးယား လေယာဉ်(အေအိတ်၅၀၁၇)ဟာ မာလီမြောက်ပိုင်းကို
ဖြတ်ပြီး ပျံသန်းစဉ် ပျောက်ဆုံးသွားမှုကို အတည်ပြုခဲ့ပြီး ၄င်းလေယာဉ်ဟာ ပျက်ကျခြင်းလား
ခြေရာပျောက်သွားခြင်းလား ဆိုတာကိုတော့ အတည်မပြုနိုင်သေးကြောင်း ဇူလိုင်လ (၂၄)ရက်နေ့က
ပြောကြားခဲ့ပါသည်။ ၄င်းလေယာဉ်ပေါ်မှာ စပိန်နိုင်ငံသား လေယာဉ်အမှုထမ်း (၆)ဦးအပါအဝင် လူပေါင်း(၁၁၆)ဦး
ပါဝင်ပြီး ကြာသပတေးနေ့ အစောပိုင်းက အယ်လ်ဂျီးရီးယားနယ်စပ်ရဲ့ တောင်ဘက်(၅၀ဝ) ကီလိုမီတာအကွာရှိ
(ဂါအို)ကိုဖြတ်ပြီး ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါသည်။ မာလီမှ တာဝန်ရှိသူများက
အပျက်အစီး တစ်စုံတစ်ခုတွေ့ရှိမှသာ လေယာဉ်ပျက်ကျတယ်လို့ ယူဆနိုင်ကြောင်းနှင့် (ဂူလ်း)မှလည်း
လေယာဉ်ပျက်ကျတယ်လို့ သက်သေပြနိုင်မဲ့ သဲလွန်စ အခိုင်အမာ မရှိသေးကြောင်း ပြောကြားခဲ့ပါသည်။
အယ်လ်ဂျီးရီးယား အစိုးရဟာ အရေးပေါ် အဖွဲ့အစည်းများ ဖွဲ့စည်းပြီး နိုင်ငံပေါင်းစုံမှ
အဖွဲ့များနှင့် ပူးပေါင်းကာ ၄င်းလေယာဉ်ကို ရှာဖွေသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking