ပထမအကြိမ် မန္တလေးတိုင်း
ဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၄)သို့ တက်ရောက်နေကြသော တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ
ဦးဝင်းမောင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဌေးကျော်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး
ဦးကျော်ဆန်းနှင့် လွှတ်တော် ကိုယ်စားလှယ်များသည် ဇူလိုင်လ(၁၀)ရက်နေ့က မန္တလေး အထွေထွေရောဂါကု
ဆေးရုံကြီးသို့ သွားရောက် လေ့လာကြပါတယ်။ ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်
လွှတ်တော်ကိုယ်စားလှယ် များအား အထွေထွေရောဂါကု ဆေးရုံကြီး အစည်းအဝေး ခန်းမ၌ ဆေးရုံအုပ်ကြီးက
ဆေးရုံသမိုင်းအကျဉ်းနှင့် တိုးတက်ပြောင်းလဲ လာသော ခေတ်စနစ်နှင့်အညီ အဆင့်မြင့်စက်ပစ္စည်း
ကိရိယာများဖြင့် ဆေးဝါးကုသ ပေးနေမှုနှင့် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင်
ကျန်းမာရေးကဏ္ဍ အဆင့်မြင့်တင် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြား ပါတယ်။
ဆက်လက်၍ လွှတ်တော် ကိုယ်စားလှယ်များက သိရှိလိုသည်များကို အကြံပြုမေးမြန်း ဆွေးနွေးကြရာ
ဆေးရုံအုပ်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါတယ်။ ထို့နောက် ဆေးရုံအုပ်ကြီး
ဦးဆောင်လျက် အဖွဲ့သုံးဖွဲ့ခွဲ၍ အထွေထွေ ရောဂါကုဆေးရုံကြီး၌ ခေတ်မီရောဂါ ရှာဖွေရေး စက်ပစ္စည်း
ကိရိယာများဖြင့် အဆင့်မြင့် ဆေးဝါးကုသ ဆောင်ရွက်ပေးနေမှု တို့အား လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြောင်း
သိရပါသည်။ 
Geen opmerkings nie:
Plaas 'n opmerking