Maandag 14 Julie 2014

ဟားခါး ၆၆ ကေဗွီ ဓာတ်အားပို့လွှတ်မှု အခြေအနေ ပြည်သူလူထုသို့ ချပြရှင်းလင်းပွဲ ကျင်းပ

ဂန့်ဂေါ-ဟားခါး ၆၆ ကေဗွီ မဟာ ဓာတ်အားလိုင်း၊ ဟားခါး ၆၆ ကေဗွီ ဓာတ်အားခွဲရုံ မှ ဓာတ်အား ပို့လွှတ်မှု အခြေအနေအား ပြည်သူလူထုသို့ ချပြ ရှင်းလင်းပွဲ အခမ်းအနားကို ဇူလိုင်လ (၁၁)ရက်နေ့ မွန်းလွဲ (၁)နာရီက က ဟားခါးမြို့ မြို့တော်ခန်းမ မှာ ကျင်းပပါသည်။ အခမ်းအနားတွင်  ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း တက်ရောက် အမှာစကား ပြောကြားပါသည်။ ဆက်လက်ပြီး ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးအုန်းကျော် က ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးမှ အခြေအနေနှင့် လိုက်နာ ဆောင်ရွက်ရန် အချက်များကို ချပြ ရှင်းလင်း ဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူလူထုနှင့် မြို့မိမြို့ဖများက သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ် နှင့် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာတို့က ပြန်လည်ဖြေကြား ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနား သို့ တက်ရောက်ခဲ့သည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူလူထုများကို ပြည်နယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ် သတိပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

Geen opmerkings nie:

Plaas 'n opmerking