အားကစားဝန်ကြီးဌာနမှ
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များ
ဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင်လ (၉)ရက်နေ့ နံနက် (၉)နာရီတွင် နေပြည်တော်ရှိ အားကစားဝန်ကြီးဌာန
အစည်းအဝေးခန်းမမှာ ကျင်းပပါသည်။ အစီအစဉ်အရ ဒုတိယဝန်ကြီး ဦးသောင်းထိုက်မှ အမှာစကား ပြောကြားရာတွင်
ယခုအချိန်မှစ၍ တတိယအဆင့် အရှိန်အဟုန်မြှင့်၍ (Third Wave) ပြုပြင်ပြောင်းလဲမှုများအား  တွန်းအားပေး လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ မိမိတို့
ဝန်ကြီးဌာနအနေနှင့် လက်ရှိ လုပ်ဆောင်ပြီးသော လုပ်ငန်းတာဝန် ဝတ္တရာများကို ပြန်လည်သုံးသပ်၍
ကောင်းတာကို ပိုမိုတိုးမြှင့်လုပ်ဆောင်၍ မကောင်းတာများ ပြုပြင်ရန်လိုကြောင်း၊ တစ်ဦးနှင့်
တစ်ဦး နားလည်မှုရှိရှိဖြင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း
ပြောကြားပါသည်။
Geen opmerkings nie:
Plaas 'n opmerking