ဝါဆိုလပြည့်ကျော်
(၁)ရက်နေ့ ဝါဆိုပန်းခူးပွဲတော် အဖြစ် ဇင်းကျိုက်ရေတံခွန် နှင့် ကျောက်သင်္ဘောစေတီတွင်
ဘုရားဖူး ဧည့်သည့်များဖြင့် အထူးစည်ကားလျက် ရှိပါသည်။ ဇင်းကျိုက်ရေတံခွန်တွင် နေ့စဉ်အနယ်နယ်အရပ်ရပ်မှ
ဘုရားဖူးဧည့်သည့်များ အဆက်မပြတ် လာရောက်လျက်ရှိသော်လည်း ဝါဆိုလပြည့်နေ့နှင့် ဝါဆိုလပြည့်ကျော်
(၁)ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူးဧည့်သည်များ
ယခုနှစ်တွင် ယခင်နှစ်များထက် ပိုမိုများပြား လာသည်ဟုလည်း သိရပါသည်။ ဘုရားဖူး ဧည့်သည်များသည်
ကျောက်သင်္ဘောစေတီသို့ သွားရောက်ကြည်ညိုပြီးနောက် ရေတံခွန်တွင် မိမိတို့ အဖွဲ့အလိုက်
ရေကစားခြင်းများဖြင့် အထူးစည်ကားလျက် ရှိပါသည်။ 
Geen opmerkings nie:
Plaas 'n opmerking