Saterdag 05 Julie 2014

ရွှေသတ္တုတွင်းတွင် ပိတ်မိနေသည့် တွင်းတူးလုပ်သား (၃)ဦးကို ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်

ဟွန်းဒူးရပ်စ် နိုင်ငံတောင်ပိုင်းရှိ တရားမဝင် ရွှေသတ္တုတွင်းတွင် ပိတ်မိနေသည့် တွင်းတူးလုပ်သား (၃)ဦးကို ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါသည်။ ၎င်းတို့သည် အားနည်းပြီး စိတ်မတည်မငြိမ် ဖြစ်နေပေမယ့် အသက်ရှင်လျှက်ရှိပါသည်။ ၎င်းတို့သည် စန်ဟွမ် အာရီဘာ သတ္တုတွင်းအဝ ပြိုကျပြီး မြေပြိုကျမှု ဖြစ်ပွါးခဲ့သည့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက လိုဏ်ခေါင်းအတွင်း ပိတ်မိနေခဲ့တာ ဖြစ်ပါသည်။ ပျောက်ဆုံးနေဆဲဖြစ်သည့် လုပ်သား(၈)ဦးဟာ အသက်ရှင်နေသလား မရှင်ဘူးလားဆိုတာ မသိရသေးပေမယ့် ၎င်းတို့ကို ကယ်ဆယ်ဖို့ မျှော်လင့်ချက် ပြန်လည်ဖြစ်စေခဲ့ကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ပြောကြားခဲ့ပါသည်။ ၎င်းသတ္တုတွင်းကို လုံခြုံရေးဆိုင်ရာ စိုးရိမ်မှု ဖြစ်စေသည့်အတွက် ပြီးခဲ့တဲ့လများစွာက ပိတ်ပစ်ရန် ညွှန်ကြားခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသည့် မိုင်းလုပ်သားများကို ရှာဖွေရန် ဒေသခံများနှင့် ကယ်ဆယ်ရေးသမားများအနေဖြင့် ခက်ခဲစွာ လုပ်ဆောင်ရမှာဖြစ်ကြောင်း သိရှိရပါသည်။ 

Geen opmerkings nie:

Plaas 'n opmerking