Donderdag 10 Julie 2014

ဂျပန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး

ဂျပန်အောက်လွှတ်တော် အမတ်နှင့် ဂျပန်-မြန်မာ ပါလီမန် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ အိချီရို အအိစာဝါ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ(၉)ရက်နေ့မှ ဇူလိုင်လ(၁၀)ရက်နေ့ထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့သည်။ မစ္စတာ အိချီရို အအိစာဝါ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ဇူလိုင်လ(၁၀)ရက်နေ့ မွန်းလွဲ(၁)နာရီတွင် အဆိုပါ ဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များအား ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။ 

Geen opmerkings nie:

Plaas 'n opmerking