Dinsdag 22 Julie 2014

ရခိုင်ပြည်နယ် မြေယာအသုံးချမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရခိုင်ပြည်နယ် မြေယာအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှု ဆပ်ကော်မတီ၊ ပြည်နယ်မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီဝင်များမှ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ အပိုင်း(၁)၊ (၂)၊ (၃)နှင့် အပိုင်း(၅)ပါ မြေယာအမှု ကိစ္စများနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ(၂၁)ရက်နေ့က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမမှာ ကျင်းပပါသည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်က ရခိုင်ပြည်နယ် အတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခဲ့မှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် ပြည်သူ့လွှတ်တော် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပေါ် ပြည်နယ်မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီက ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ သိမ်းဆည်း လယ်ယာမြေများအား မူလပိုင်ရှင်များသို့ အမြန်ဆုံး လွှဲပြောင်းပေးအပ်နိုင်ရေး အတွက် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အဓိကရည်ရွယ်ချက်ဖြင့် လာရောက်ညှိနှိုင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားပါတယ်။ အဲဒီနောက် ပြည်နယ်မြေ အသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ပြည်နယ် မြေစာရင်း ဦးစီးမှူးက ပြည်သူ့လွှတ်တော် စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ အပိုင်း(၁)၊ (၂)၊ (၃)နှင့် အပိုင်း(၅)ပိုင်းပါ  မြေယာ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး နဲ့ ပြည်နယ်စိုက်ပျိုးရေး နှင့် မွေးမြူရေး ဝန်ကြီးတို့မှ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ မြေယာကိစ္စရပ်များနဲ့ ပတ်သက်ပြီး ဖြည့်စွက် ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

Geen opmerkings nie:

Plaas 'n opmerking