နိုင်ငံတော်အစိုးရအနေနဲ့
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက် အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပါသည်။  (၇၀)ရာခိုင်နှုန်းသော
ကျေးလက်နေ ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝန်ကြီးဌာန တိုင်းဒေသကြီး
ပြည်နယ်အစိုးရအဖွဲ့များနဲ့ ပေါင်းစပ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှောချရေး
လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။၂၀၁၃ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ အမျိုးသားအဆင့်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင် အလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိလာတဲ့ ဆက်လက်
ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များအရ ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ
ဖန်တီးပေးရန်နဲ့ မိသားစုဝင်ငွေ တိုးပွားစေဖို့ ရည်ရွယ်ချက်နဲ့ မြစိမ်းရောင်းကျေးရွာ
စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဒီကနေ့မှာတော့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ အော့စ်ဖမ်
နိုဗစ် တို့ ပူးပေါင်းဖွင့်လှစ်တဲ့ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ
စီမံခန့်ခွဲမှု ဆရာဖြစ်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ မြစိမ်းရောင်ကျေးရွာ
စီမံကိန်းမှ ကျေးလက်နေပြည်သူတွေကို အတိုးနှုန်း သက်သာစွာနဲ့ ချေးငွေ ထုတ်ချေးပေးမှာဖြစ်ပြီး
ငွေချေးယူများအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်မှုများနဲ့ သက်ဆိုင်တဲ့
လုပ်ငန်းတွေကို ပိုမိုလုပ်ကိုင်နိုင်မှာဖြစ်ပြီး မိသားစုဝင်ငွေ တိုးတက်မြင့်မားလာစေမှာ
ဖြစ်ပါသည်။ (၅)ရက်ကြာဖွင့်လှစ်မယ့် ဒီသင်တန်းမှာ ဘယ်လို အကြောင်းအရာတွေကို ပို့ချသွားမယ်
ဆိုတာနဲ့ပတ်သက်ပြီး သင်တန်းနည်းပြမှ ပြောပြခဲ့သလို မြစိမ်းရောင် စီမံချက်ကြောင့် အဆင်ပြေမှုတွေ
ရရှိတယ်လို့လည်း သင်တန်းသူတစ်ဦးက အခုလိုပြောပါသည်။ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက်
လည်ပတ်ရန်ပုံငွေ စီမံခန့်ခွဲမှု ဆရာဖြစ်သင်တန်းကို ဇူလိုင်လ (၂၉)ရက်နေ့အထိ ဖွင့်လှစ်သွားမယ်လို့
သိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking