Woensdag 09 Julie 2014

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် လယ်ယာသုံး စက်ကိရိယာများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ဇူလိုင်လ (၉)ရက်နေ့ မွန်းလွဲပိုင်းမှာ နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန်အနီးရှိ စက်မှုလယ်ယာ မြေစနစ် တဆက်တစပ်တည်း ဧက(၃)ထောင် စိုက်ကွင်း ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်သည့် ဂျပန်နိုင်ငံရဲ့ ဂျိုက်ကာ အထောက်အပံ့ အကူအညီဖြင့် လုပ်ကွက်ငယ် တောင်သူလယ်သမားများ အတွက် စားရေရိက္ခာဖူလုံရေးနှင့် ဆန်စပါးထုတ်လုပ်မှု မြှင့်တင်နိုင်ရန် စားနပ်ရိက္ခာဖူလုံရေး စီမံကိန်းမှ လယ်ယာသုံး စက်ကိရိယာများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနဲ့ အဖွဲ့သည် စိုက်ကွင်း ရှင်းလင်းဆောင်အနီး၌ ရောက်ရှိနေသော လွှဲပြောင်းပေးအပ်မည့် လယ်ယာသုံး စက်ကိရိယာ ရိတ်သိမ်း ချွေလှေ့စက်ကြီးများ၊ ကူဘိုတာ ထွန်စက်ကြီးများနှင့် ရှိဘိုရာထွန်စက်များအား ကြည့်ရှုစစ်ဆေး ကြပါသည်။

Geen opmerkings nie:

Plaas 'n opmerking