Sondag 13 Julie 2014

မြန်မာနိုင်ငံဆိုင်ရာ ဘူတန်နိုင်ငံ သံအမတ်ကြီး ခန့်အပ်ရန်သဘောတူ

မစ္စတာ ကီဆန် ဝမ်ဒီ အား ထိုင်းနိုင်ငံတွင် အခြေစိုက်လျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော ဘူတန်နိုင်ငံ သံအမတ်ကြီး အဖြစ် ပူးတွဲ ခန့်အပ်ရန် အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ က သဘောတူညီပြီး ဖြစ်ပါတယ်။ မစ္စတာ ကီဆန်ဝမ်ဒီ သည် ဘူတန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ၁၉၈၂ခုနှစ်တွင် လက်ထောက် ညွှန်ကြားရေးမှူး အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး  သိပ္ပံပညာ၊ စီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်များကို လေ့လာ ဆည်းပူး ခဲ့ပါတယ်။ ပြည်ပတာဝန်များ အဖြစ် မစ္စတာ ကီဆန်ဝမ်ဒီ သည် ၁၉၈၆-၁၉၉၁ ခုနှစ်အထိ အိန္ဒိယ နိုင်ငံရှိ ဘူတန်သံရုံးတွင် လည်းကောင်း၊ ၁၉၉၂-၁၉၉၈ ခုနှစ် အထိ အမေရိကန် ပြည်ထောင်စုရှိ ဘူတန် ကောင်စစ်ဝန်ချုပ်ရုံးတွင် လည်းကောင်း၊  ၂၀ဝ၂-၂၀ဝ၅ ခုနှစ်အထိ နီပေါနိုင်ငံရှိ တောင်အာရှ ဒေသဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအသင်း (ဆာ့ခ်) အတွင်းရေးမှူးချုပ်ရုံးတွင် လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ သံအမတ်ကြီး အဖြစ် တာဝန် မထမ်းဆောင်မီ ၂၀၁၂ခုနှစ်ထိ ဘူတန်နိုင်ငံ ခရီးသွား လုပ်ငန်း ကောင်စီတွင် ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ လက်ရှိတွင် မစ္စတာ ကီဆန် ဝမ်ဒီ သည် ထိုင်းနိုင်ငံဆိုင်ရာ ဘူတန် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး ဩစတေးလျနှင့် စင်ကာပူ နိုင်ငံဆိုင်ရာ ဘူတန် သံအမတ်ကြီးအဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

Geen opmerkings nie:

Plaas 'n opmerking