Saterdag 12 Julie 2014

(KHG Developmen) ၏ (Infinity) အဆင့်မြင့် ကွန်ဒိုမီနီယံ အဆောက်အဦ ပန္နက်ရိုက် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကျင်းပ

 (KHG Developmen) ၏ (Infinity) အဆင့်မြင့် ကွန်ဒိုမီနီယံ အဆောက်အဦ ပန္နက်ရိုက် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကို ဒီကနေ့ နံနက်ပိုင်းတွင် အမှတ်(၇၇) ကမ္ဘာအေးဘုရားလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပရာ (KHG Developmen) မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းဗညားက နှုတ်ခွန်းဆက် စကားပြောကြားပါတယ်။ အဲဒီနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် (KHG Developmen) ၏ တာဝန်ရှိ ပုဂ္ဂိုလ်များမှ (Piling Machine) အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြပါတယ်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အခြားလိုအပ်သည့် ကဏ္ဍများတွင် အသုံးပြုနိုင်ရန် အတွက် (KHG Developmen)  ၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ ငွေကျပ်သိန်း(၁၀၀)အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် (Piling Machine)  ဖြင့် Piling ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး ခဲ့ကြပါတယ်။ အဆိုပါ အဆင့်မြင့် ကွန်ဒိုမီနီယံမှာ အထပ်ပေါင်း (၂၈)ထပ်ပါဝင်မှာ ဖြစ်ပြီး အခန်း(၁၄၈)ခန်းဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရပါသည်။



Geen opmerkings nie:

Plaas 'n opmerking