တရုတ်သမ္မတရှီကျင်းဖျင်ဟာ
ပြီးခဲ့တဲ့ (၂၀-၇-၁၄) ရက်နေ့က ဗင်နီဇွဲလားနိုင်ငံ ကရာကတ်စ်ရှိ တောင်အမေရိက လွတ်မြောက်ရေး
ခေါင်းဆောင် ဆိုင်မွန်-ဘိုလီဗာရဲ့ ရုပ်ထုမှာ လွမ်းသူပန်းခွေ ချခဲ့ကြောင်း သိရပါသည်။
အမျိုးသားဂူဗိမ္မာန်သို့ ဗင်နီဇွဲလားသမ္မတ နီကိုးလတ်စ်-မဒူရိုနဲ့အတူ ရောက်ရှိခဲ့ပြီး
ဆိုင်မွန်-ဘိုလီဗာရုပ်ထုဆီသို့ သမ္မတနှစ်ဦး လျှောက်လှမ်းချိန်မှာ လူငယ်တေးဂီတ အဖွဲ့ဟာ
နှစ်နိုင်ငံအမျိုးသား သီချင်းများကို သံပြိုင်တီးခတ်ပေးခဲ့ပါသည်။ မဒူရိုက ရှီအား ဓါးရှည်ကို
လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ပါသည်။ တရုတ်နိုင်ငံ သမ္မတရှီကျင်းဖျင်ဟာ လက်တင်-အမေရိက
ခရီးစဉ်ရဲ့ တတိယခရီးစဉ်အဖြစ် ဗင်နီးဇွဲလားသို့ ရောက်ရှိခဲ့ပြီး စတုတ္တနဲ့ နောက်ဆုံး
ခရီးစဉ်အဖြစ် ကျူးဘားသို့ သွားရောက်မှာဖြစ်ကာ ဘရာဇီးနဲ့ အာဂျင်တီးနားသို့ သွားရောက်ခဲ့ပြီးဖြစ်ကြောင်း
သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking