လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမြင့်လှိုင်သည် ဇူလိုင်လ(၁၃)ရက် နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနားမြို့နယ် ရန်ကုန်-ပျဉ်းမနား
ကားလမ်းဟောင်းအနီး ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံ ဈေးကွက်များသို့ တင်ပို့ရောင်းချရန်
အတွက် ကိုရီးယားနိုင်ငံမှ ပထမအသုတ် တင်ပို့ရောက်ရှိလာသော ပိန်းဥမျိုးများကို ထိုင်းနိုင်ငံ
(Big-M) ကုမ္ပဏီမှ
ပညာရှင် ဒေါက်တာမုန်ခိုးနှင့် အဖွဲ့က ဧကကွက် တစ်ကွက်ချင်းအလိုက် ဘောင်ဖော်နည်း စနစ်များဖြင့်
စိုက်ပျိုးရန် ပြသရှင်းလင်းနေသည် များကို ကြည့်ရှုအားပေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့သည် ဂျပန်နိုင်ငံမှ ပေးပို့ ရောက်ရှိလာသော (၄)လသား သက်တမ်းအရွယ်ရှိ ကန်စွန်းဥအနီမျိုးများအား
မျိုးသန့်မျိုးပွား ဖြန့်ဖြူးပေးနိုင်ရန် စတင်တူးဖော် နေသော စိုက်ကွင်းသို့ ရောက်ရှိပြီး
ဒေါက်တာမုန်ခိုးနဲ့အတူ ဈေးကွက်ဝင်စေရန် သိပ္ပံနည်းကျ စိုက်နည်းစနစ်များနှင့် စိုက်ပျိုးရန်နှင့်
အရည်အသွေး ကောင်းထွက်ရှိရန် လိုအပ်သော နည်းစနစ်များကို ဆွေးနွေးကြပြီး ပထမအသုတ် စမ်းသပ်တင်ပို့
ရောင်းချရန်အတွက် တူးဖော်ပြီး အသင့်ဖြစ်နေသော ကန်စွန်းဥမျိုးများကို ကျေးရွာများသို့
အာမခံဈေးဖြင့် ဝယ်ယူမည့်စနစ်နှင့် ဖြန့်ဖြူးပေးရန် မှာကြားပါတယ်။ ထို့နောက် စိုက်ကွင်းဝန်ထမ်းများအား
ကန်စွန်းဥနီမျိုးများကို စနစ်တကျ ဘောင်ဖော်စိုက်ပျိုးရန် ထိုင်းနိုင်ငံ ပညာရှင်များက
လက်တွေ့ဆောင်ရွက် ပြသပါသည်။
Geen opmerkings nie:
Plaas 'n opmerking