ဂါဇာကမ်းမြောင်ဒေသမှာ
အစ္စရေးတို့ရဲ့ ထိုးစစ်ဆင်မှုအတွင်း ပါလက်စတိုင်းလူမျိုးများ သေဆုံးသူဦးရေဟာ (၇၆၀)ကျော်ရှိသွားပြီဖြစ်ရာ
ဘရာဇီးနိုင်ငံဟာ အခုသီတင်းပတ်မှာ အစ္စရေးနိုင်ငံမှ ၄င်းတို့ရဲ့ သံတမန်များကို ပြန်လည်ခေါ်ယူရန်
ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ တဲအဗီးလ်မှ
သံတမန်များ ပြန်လည်ခေါ်ယူမှုဟာ အီကွေဒေါပြီးလျင် ဘရာဇီးနိုင်ငံဟာ လက်တင်အမေရိက နိုင်ငံများမှာ
ဒုတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ အစ္စရေး-ပါလက်စတိုင်းကြား အကြမ်းဖက်မှုဟာ မြင့်တက်လာကြောင်း
ဘရာဇီးနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါသည်။
စစ်မက်ဖြစ်ပွား လာနိုင်တဲ့အတွက် ဂါဇာဒေသရှိ အစ္စရေးတပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုများကို
စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လက်တင်အမေရိကရဲ့ အကြီးဆုံးနိုင်ငံမှ
မဲပေးခဲ့တဲ့အပြင် အစ္စရေးရဲ့လုပ်ရပ်ဟာ အလွန်စိတ်ပျက်စရာ ကောင်းကြောင်း အစီရင်ခံစာမှာ
ဖော်ပြထားကြောင်း သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking