ကချင်ပြည်နယ် ဝန်ကြီးချုပ်
ဦးလဂျွန်ငန်ဆိုင်းသည် ဇူလိုင်လ(၄)ရက် မနက်ပိုင်းတွင် မြစ်ကြီးနား-ဗန်းမော်ကားလမ်းမပေါ်ရှိ
တံတားအမှတ် (၆/၄၂၄) အရှည်ပေ (၃၃၀)ရှိ မိုးလဲချောင်း တံတားအား ဘေလီသစ်သား တံတားအဆင့်မှ
ကွန်ကရစ် တံတား ဆောက်လုပ်နိုင်ရေး အတွက် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများအား
မှာကြားပါသည်။ အဲဒီနောက် ဒေါ့ဖုန်းယန် မြို့နယ်ခွဲ အခြေခံပညာ အထက်တန်းကျောင်းမှာ စာသင်ကျောင်း၊
စာသင်ဆောင် ပြုပြင်ဆောက်လုပ်ထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ
လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။ အဲဒီနောက် မြို့နယ်အတွင်းရှိ ဖာကေကျေးရွာနှင့်
ဝိုင်းမွန်ကျေးရွာချင်းဆက် လမ်းပေါ်မှာ ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးတဲ့
ကြိုးတံတားကို ကြည့်ရှု စစ်ဆေးပြီး ဒေသခံ တိုင်းရင်းသားများနှင့် တွေ့ဆုံပြီး ကျေးရွာချင်းဆက်
လမ်းများကို ကတ္တရာ အဆင့်မြင့် ဆောက်လုပ်ရေး၊ စိုက်ပျိုးသီးနှံ ချေးငွေအတွက် အစဉ်ပြေစေရေး
ဌာနဆိုင်ရာများနှင့် စီစဉ်ဆောင်ရွက်ပေးပြီး ရှမ်းတိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့နှင့်
လမ်းလုပ်ငန်း အတွက် ထောက်ပံ့ငွေများ ပေးအပ်ပါသည်။ ဆက်လက်ပြီး အမျိုးသမီး အိမ်တွင်းမှု
သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းကို ကြည့်ရှု စစ်ဆေးကာ သင်တန်းကျောင်းအတွက် စကိုင်းနက်
တပ်ဆင်နိုင်ရန်နှင့် ထောက်ပံ့ငွေများကို ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ပေးအပ်ကြပါသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တာပိန်မြစ်
မြစ်ကူးကြိုးတံတားကို သံကူကွန်ကရစ် တံတားအဖြစ် ပြောင်းလဲဆောက်လုပ်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဇူလိုင်(၅)ရက်နေ့တွင် ဖရန့်ရှစ်ဟိုတယ်မှာ ရှမ်းရိုးရာနှင့်
ယဉ်ကျေးမှု အဖွဲ့နှင့် တွေ့ဆုံပြီး ရိုးရာစာပေ ယဉ်ကျေးမှု လုပ်ငန်းများ ဆောင်ရွက်မှုနှင့်
လိုအပ်ချက်များ မေးမြန်းဆွေးနွေးပြီး ထောက်ပံ့ငွေကျပ် (၁၅)သိန်း ပေးအပ်ပါတယ်။ ဆက်လက်ပြီး
ဗန်းမော်မြို့ ခရိုင် တရားရုံးနှင့် မြို့နယ် တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနား
ကျင်းပရာ တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျား၊ ပြည်နယ်ဥပဒေချုပ် ဒေါ်မေရီမီနန်၊
ခရိုင်တရားသူကြီး ဒေါ်ဝင်းဝင်းမော်၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်တို့က
ရုံးအဆောက်အဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရုံးသစ်ဆိုင်းဘုတ်ကို
စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး မဏ္ဍိုင်(၃)ရပ်ဖြင့်
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် တရားဥပဒေ စိုးမိုးမှု ရှိရေးသည်
အဓိကဖြစ်တဲ့ အတွက် ဗန်းမော်ခရိုင် အတွင်း တရားဥပဒေ စိုးမိုးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်
မှာကြားပြီး တရားလွှတ်တော် တရားသူကြီးချုပ်က ရုံးအဆောက်အဦး ဆောက်လုပ်ရခြင်းနှင့် စပ်လျဉ်းပြီး
ရှင်းလင်း ပြောကြားပါသည်။ အဲဒီနောက် ရုံးသစ်အဆောက်အဦ တာဝန်ယူဆောက်လုပ်တဲ့ မနောဧရာ ဆောက်လုပ်ရေး
ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာက ရုံးအဆောက်အဦ နှင့် ပတ်သက်တဲ့ စာရွက်စာတမ်းများကို ခရိုင်တရားသူကြီးထံ
လွှဲပြောင်း ပေးအပ်ပြီးနောက် ရုံးသစ်ကို ကြည့်ရှု
စစ်ဆေးပါသည်။
Geen opmerkings nie:
Plaas 'n opmerking