မစ်ဒေါ်နယ်(ကေအက်ဖ်စီ)အင်
ပစ်ဇာဟတ်ထ်လိုမျိုး စားသောက်ကုန်လုပ်ငန်းများသို့ အသားပေးပို့နေတဲ့ ရှန်ဟိုင်းဟူစီ
စားသောက်ကုမ္ပဏီဟာ လက်ဆတ်မှုမရှိတဲ့ အသားများ တင်ပို့ခဲ့လို့ လုပ်ကိုင်ခွင့် ပိတ်သိမ်းခံခဲ့ရကြောင်း
သိရပါသည်။ ရှန်ဟိုင်း အစားအသောက်နဲ့ ဆေးဝါးအဖွဲ့မှ စစ်ဆေးသူများဟာ ကျာတင်းမြို့နယ်ရှိ
စက်မှုဇုန်သို့ စစ်ဆေးဖို့သွားစဉ် လုံခြုံရေး အစောင့်များက တားမြစ်ခဲ့ပြီး ကုမ္ပဏီ ကွန်ပြူတာများမှ
အချက်အလက်များကို စစ်ဆေးစဉ်မှာလည်း ကွန်ပြူတာများကို ပိတ်ပစ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက
ထုတ်ပြန်ထားပါသည်။ ယခုကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စု (အိုအက်စ်အိုင်) အဖွဲ့မှ အဖွဲ့ဝင်
တစ်ခုဖြစ်ပြီး ယွမ်ငွေ(၅၀.၄၇)သန်း ရင်းနှီးမြှုပ်နှံထားသော ပြည်ပထောက်ပံ့ ကုမ္ပဏီ တစ်ခုဖြစ်တယ်လို့
သိရပါသည်။ (အိုအက်စ်အိုင်)ရဲ့ တရုတ်နိုင်ငံ လက်ခွဲ အထွေထွေ မန်နေဂျာကတော့ ကုမ္ပဏီမှာ
တိကျတဲ့အရည်အသွေး စစ်ဆေးမှု့ရှိသလို စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်း ပါဝင်မှာဖြစ်ကြောင်း
သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking