Woensdag 09 Julie 2014

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဂျပန်-မြန်မာ ပါလီမန် ဆိုင်ရာ ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ဇူလိုင်လ(၉)ရက် ညနေ(၄)နာရီတွင် ဂျပန်-မြန်မာ ပါလီမန် ဆိုင်ရာ ချစ်ကြည်ရေး အသင်း ဥက္ကဌ ဟွန်နရေဘယ်လ် မစ္စတာ အိချိရို အအိစာဝါ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့မှ နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ သွားရောက် တွေ့ဆုံပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဌေးဦး၊ သူရဦးအောင်ကို၊ ဦးလှမြင့်ဦး၊ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ၊ ပြည်သူ့လွှတ်တော် ကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးစောလှထွန်း၊ ဦးကြည်သာ၊ ဒေါ်ဒွဲဘူ၊ ဦးကိုကိုထွန်း၊ ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါက်တာဝင်းမြင့်၊ ဒေါ်နန်းဝါနု၊ ဒေါ်စန္ဒာမင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ တာတက်ရှီ ဟီဂူချီ လည်း တက်ရောက်ပါသည်။

Geen opmerkings nie:

Plaas 'n opmerking