ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ ဗုဒ္ဓဘာသာဝင်တို့၏
အထွတ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည့် ဇူလိုင်လ (၁၁)ရက်နေ့တွင် မန္တလေးမြို့နှင့် အနီးဝန်းကျင်ရှိ
တန်ခိုးကြီးဘုရား ပုထိုးစေတီတော်များနှင့် ဘုန်းတော်ကြီးကျောင်း များတွင် ဗုဒ္ဓဘာသာဝင်
ရဟန်းရှင်လူပြည်သူ အပေါင်းသည် နံနက် အာရုဏ်တက်ချိန်မှစ၍ ဓမ္မစကြာအခါတော်နေ့ ပူဇော်ပွဲ၊
ဝါဆိုဝါကပ်ပွဲ ၊ဝါဆိုပန်းကပ်ပူဇော်ပွဲ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများ၊ ဆွမ်းလောင်းလှူဒါန်းပွဲများ၊
ရှင်ပြုမင်္ဂလာပွဲစသည့် ကုသိုလ်ကောင်းမှုတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်း၊ ရပ်ကွက်အသီးသီးရှိ
ဓမ္မာရုံများတွင် ဝါဆိုသင်္ကန်း၊ ဆွမ်း၊ဘောဇဉ် ခဲဖွယ် လှူဒါန်းကြခြင်း၊ ဆရာတော်များက သီလပေးတရားတော်
များနှင့် နိဗ္ဗာန်ရောက်ကောင်း တရာတော်များ ဟောကြား ချီးမြှင့်တော်မူခြင်း စသည့် ကုသိုလ်ကောင်းမှု
ပြုသူ များဖြင့် စည်ကားလျှက် ရှိပြီး မြို့ရွာအနှံ့ ဘုန်းတော်ကြီး ကျောင်းများ၌လည်း
ကုသိုလ်ဒါနပြုကြသူ များဖြင့် စည်ကားလျက် ရှိပါသည်။ 
Geen opmerkings nie:
Plaas 'n opmerking