Woensdag 09 Julie 2014

လက်ထောက် အင်ဂျင်နီယာ (မြို့ပြ) သင်တန်း အမှတ်စဉ် (၁/၂၀၁၄) သင်တန်းဖွင့်ပွဲ အခမ်းအနား

လက်ထောက် အင်ဂျင်နီယာ (မြို့ပြ) သင်တန်း အမှတ်စဉ် (၁/၂၀၁၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၇)ရက်နေ့ မနက်က ရန်ကုန်တိုင်းဒေသကြီး ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)တွင် ကျင်းပပါသည်။ ရှေးဦးစွာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် က အဖွင့်အမှာစကား ပြောကြားရာတွင် အင်ဂျင်နီယာ ပညာရပ်ဟာ အသေးစိတ် စနစ်တကျ ကြိုတင်တွက်ချက်ပြီး လူ၊ စက်ယန္တရားများနဲ့ အချိန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ကြရသည့် အတွက် အင်ဂျင်နီယာများရဲ့ တိကျစေ့စပ် သေချာတဲ့ တွက်ချက်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှုနဲ့ ခေါင်းဆောင်မှု ပညာကိုလည်း နားလည်တတ်ကျွမ်းဖို့ လိုအပ်ကြောင်း၊ လက်ထောက် အင်ဂျင်နီယာ (မြို့ပြ) သင်တန်းသား၊ သင်တန်းသူများဟာ ဒေသအသီးသီး၊ လုပ်ငန်းခွင် အသီးသီးမှာ တာဝန်ယူ လုပ်ကိုင်ကြတဲ့ အတွေ့အကြုံရှိပြီးသား ခေါင်းဆောင်များ ဖြစ်လို့ ဒီကနေ့ ကမ္ဘာ့နိုင်ငံကြီးများတွင် အင်ဂျင်နီယာ ပညာရပ်တွေမှာ ကွန်ပျူတာ ဆော့ဖ်ဝဲလ် များ အသုံးချလာကြသည်ကို တွေ့ရှိကြမှာ ဖြစ်ကြောင်း၊ ယင်း ဆော့ဖ်ဝဲလ် များကိုလည်း  မိမိတို့ အင်ဂျင်နီယာများ အနေဖြင့် နားလည် သဘောပေါက်အောင် လေ့လာ အားထုတ်ကြိုးစား သွားပါလို့ တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် သင်တန်းနည်းပြ၊ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ အကြီးအကဲများ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းခန်းမမှာ တွေ့ဆုံကာ ဒုတိယဝန်ကြီးက သင်ကြားပို့ချမည့် ဘာသာရပ်ဆိုင်ရာများ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ စာမေးပွဲ စည်းမျဉ်းစည်းကမ်းများ၊ ရှေ့ဆက် လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များနဲ့ စပ်လျဉ်းပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။

Geen opmerkings nie:

Plaas 'n opmerking