စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးသည် ဇူလိုင်လ(၈)ရက်နေ့
နံနက်ပိုင်းက မြောင်မြို့နယ် မကျီးဘုတ်ကျေးရွာ တိုက်နယ်ဆေးရုံ အဆင့်တိုးမြှင့်ပွဲနှင့်
ဆေးရုံ အဆောက်အဦသစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပါသည်။ ရှေးဦးစွာ အလှူရှင်
ဆရာတော် ဘဒ္ဒန္တ သံဝရ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းငွေ၊ အလှူရှင် ဦးအောင်ကျော်မိုး
တို့က တိုက်နယ်ဆေးရုံ မုခ်ဦးအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပါတယ်။ ထို့နောက် တိုင်းဒေသကြီး
ဝန်ကြီးချုပ်က တိုက်နယ်ဆေးရုံ အဆောက်အဦသစ် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး
တိုက်နယ်ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ဆက်လက်ပြီး ဆေးရုံ အဆောက်အဦသစ်
လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ အလှူရှင် ဆရာတော် က ဩဝါဒစကား မြွက်ကြား ပါသည်။ 
Geen opmerkings nie:
Plaas 'n opmerking