Woensdag 09 Julie 2014

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနား

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၉)ရက်နေ့ မနက်က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၉၁)ရပ်ကွက် အဆိုပါ တရားရုံးဖွင့်ပွဲ မဏ္ဍပ်မှာ ကျင်းပပါသည်။ ရှေးဦးစွာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် တရားသူကြီး ဒေါ်နုနုဝေက မြို့နယ်တရားရုံး အဆောက်အဦသစ် ဆောက်လုပ်ခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြပါသည်။ အဲဒီနောက် ကြယ်စင်နိုင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးရဲကံဇော် က ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် တရားသူကြီး ဒေါ်နုနုဝေအား တရားရုံး အဆောက်အဦနှင့် ပတ်သက်တဲ့ စာရွက်စာတမ်းများကို ပေးအပ်ခဲ့ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးကျော်မိုးနိုင်တို့က ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် တရားရုံး အဆောက်အဦသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံး အဆောက်အဦသစ် ဆိုင်းဘုတ်နှင့် ကမ္ဗည်း မော်ကွန်းအား စက်ခနှိပ် ဖွင့်လှစ်ပြီး တရားရုံး အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တရားရုံး အဆောက်အဦသစ်သည် အလျား (၁၂၈)ပေ၊ အနံ (၄၂)ပေ၊ အမြင့် (၁၅)ပေ ရှိ သံကူကွန်ကရစ် (၁)ထပ် အဆောက်အဦဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေကျပ် သိန်း(၈၀၀)ဖြင့် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၄ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။ 

Geen opmerkings nie:

Plaas 'n opmerking