Vrydag 04 Julie 2014

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဩစတြေးလျ ဓနသဟာယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၏ ဖိတ်ကြားချက်အရ ဩစတြေးလျ ဓနသဟာယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့သည် မြန်မာနိုင်ငံသို့ ဇူလိုင်လ (၂)ရက်နေ့မှ (၄)ရက်နေ့အထိ လာရောက် ခဲ့ပါသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဩစတြေးလျ ဓနသဟာယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့နှင့် ကိုယ်စားလှယ် အဖွဲ့အား ဇူလိုင်လ (၃)ရက်နေ့ နံနက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ပါသည်။

Geen opmerkings nie:

Plaas 'n opmerking