Saterdag 05 Julie 2014

အသက်အန္တရာယ်ဖြစ်စေနိုင်သည့် လက်နက်မျိုးစုံတွေ့ရှိသဖြင့် ဥပဒေနှင့်အရေးယူဆောင်ရွက်သွားမည်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ လုံခြုံရေးကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ (၄)ရက်နေ့ နံနက် (၅)နာရီခွဲ မှ (၇)နာရီ (၁၅)မိနစ်အထိ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ချမ်းအေးသာဇံအရှေ့ရပ်ကွက် (၂ရ×၂၈)လမ်းကြား၊ (၈၁×၈၂)ကြားရှိ ဘာသာရေး အဆောက်အဦးအတွင်းသို့ ၀င်ရောက်ရှာဖွေခဲ့ရာ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ဓါးမျိုးစုံ၊ လှံ၊ ခက်ရင်း၊ သံစူးချွန်၊ သစ်သား၊ ၀ါး၊ တုတ်များ၊ ကျောက်ခဲ၊ လေးခွ၊ ကုန်း၊ ပေသီးတို့ကို ရှာဖွေတွေ့ရှိခဲ့၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

Geen opmerkings nie:

Plaas 'n opmerking