ပထမအကြိမ် မန္တလေးတိုင်း
ဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၄) စတုတ္ထနေ့ကို ဇူလိုင်လ(၁၀)ရက်နေ့ နံနက်(၁၀)နာရီတွင်
မန္တလေးတိုင်း ဒေသကြီး လွှတ်တော်၌ ဆက်လက်ကျင်းပ ပါသည်။ အစည်းအဝေးတွင် မေးခွန်း(၂၁)ကို
မေးမြန်း ဖြေကြားခြင်း၊ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့များ ဥပဒေကို ပြင်ဆင်သည့်
ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ သဘောထား ရယူခြင်း၊ မန္တလေးတိုင်း
ဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့ အထိ လုပ်ငန်းဆောင်ရွက်မှု
အစီရင်ခံစာနှင့် စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခြင်းများ
ဆောင်ရွက်ကြပါသည်။ ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၄)ကို  ဇူလိုင်လ(၇)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပခဲ့ပြီး
အစည်းအဝေးတွင် မေးခွန်း(၉၆)ခု မေးမြန်း ဖြေကြားခြင်း၊ အဆို(၁)ခုနှင့် အစီရင်ခံစာ (၁)ခု
မှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်း (၁)ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking