ဧရာဝတီတိုင်း ဒေသကြီး၊
ဝန်ကြီးချုပ် ဦးသိန်းအောင်သည် ဇူလိုင်လ (၁၀)ရက်နေ့ နံနက်က ကန်ကြီးထောင့်မြို့နယ်၊ ဝက်ထိုးကျေးရွာ
အခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အဖြစ် အဆင့်တိုးမြှင့်
ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ် (၂)ဆောင် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။
ရှေးဦးစွာ ဖွင့်ပွဲ မုခ်ဦးအား တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါ်ခင်စောမူ၊ တာဝန်ရှိသူများ၊
အလှူရှင်  ထူးဖောင်ဒေးရှင်း ဥက္ကဌ တို့က ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေး ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝက်ထိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း
(ခွဲ) ဆိုင်းဘုတ်အား စက်ခလုတ်  နှိပ် ဖွင့်လှစ်ပေးကာ  ကျောင်းဆောင်သစ် (၂)ဆောင်၏ကမ္ဗည်း မော်ကွန်းအား အမွှေးနံ့သာရည်များဖြင့်
ပက်ဖြန်းပေးခဲ့ပါသည်။ 
Geen opmerkings nie:
Plaas 'n opmerking