ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် ဇူလိုင်လ(၁၁)ရက်
ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရှိ ကမ္ဘာ့အမွေအနှစ် ဒေသတစ်ခုဖြစ်သော သရေခေတ္တရာ
ပျူမြို့ဟောင်းသို့ ရောက်ရှိပြီး ရဟန္တာဂူဘုရား၊ ရဟန္တာကန်၊ ဘောဘောကြီးဘုရား၊ တူးဖော်မှု
ကုန်းအမှတ်(၅၃)၊ လုလင်ကျော်မြို့ဝင်ပေါက် တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
ပြည်ထောင်စု ဝန်ကြီးသည် ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း ပြည်ရှိ ဆွေးနွေးပွဲ
ခန်းမဆောင်တွင် ရှေးဟောင်းသုတေသန ဌာနမှ ဝန်ထမ်းများအား
တွေ့ဆုံပါသည်။
Geen opmerkings nie:
Plaas 'n opmerking