Woensdag 09 Julie 2014

ကယားပြည်နယ် ငွေတောင်ဆည် ရှောင်ကွင်းလမ်း ဖောက်လုပ်ခြင်း စီမံကိန်း

ကယားပြည်နယ် ငွေတောင်ဆည်  ရှောင်ကွင်းလမ်း ဖောက်လုပ်ခြင်း စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကယားပြည်နယ် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း အင်ဂျင်နီယာမှူးကြီးက လမ်းတံတား အထူးအဖွဲ့(၅)ကို တာဝန်ပေးအပ်ပြီး ဇွန်လ (၁၁)ရက်နေ့တွင် မြေသားတာဘောင် လုပ်ငန်းကြီးကို စတင် ဆောက်လုပ်ခဲ့ပါသည်။ မြေသားတာဘောင် လုပ်ငန်း၏ အရှည်မှာ (၅)ထောင့် (၆၄၀)ပေ၊ အကျယ် ပေ(၄၀)၊ ကတ္တရာလမ်း (၁၈)ပေရှိပြီး မြေကြီးတာဘောင်ကို (၃)လခန့် ရည်မှန်းထားပြီး ပွင့်လင်းရာသီမှာ ကတ္တရာ လမ်းခင်းခြင်းကို ဆောင်ရွက်မှာဖြစ်ပြီး ကျောက်ခင်းမြေသား တာဘောင်ပြီးတာနဲ့ ကျောက်ခင်းလမ်းကို ခင်းကျင်းသွားမှာ ဖြစ်ကြောင်း သိရပါသည်။ ငွေတောင်ဆည် ရှောင်ကွင်းလမ်း ဖောက်လုပ်ခြင်းမှ ပြည်ထောင်စု ရန်ပုံငွေ ကျပ်သန်း(၅၀၀)၊ ပြည်နယ် ငွေလုံးငွေရင်း ကျပ်သန်း(၉၄၀) ရှိကြောင်း သိရပါသည်။ ငွေတောင်ဆည် ရှောင်ကွင်းလမ်းဟာ နှစ်ကြာလာတဲ့အမျှ ဆည်ရဲ့ကြံ့ခိုင်မှုအား လျော့နည်းပြီး ဆည်ကို ထိခိုက်နိုင်သည့် အတွက် ငွေတောင်ဆည် ရှောင်ကွင်းလမ်းကို ဖောက်လုပ်ခြင်း ဖြစ်ကြောင်း သိရပါသည်။

Geen opmerkings nie:

Plaas 'n opmerking