အမေရိကန်ပြည်ထောင်စု
ပင်ဆယ်လ်ဗေးနီးယား၊ ဒါဘီရှိ မာစီ-ဖစ်ဇ်ဂါရဲလ်ဒ် ဆေးရုံမှာ လူသုံးဦးဟာ ပစ်ခတ်တိုက်ခိုက်မှုခံရပြီး
လူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း (အန်ဘီစီ)မှာ သတင်းထုတ်ပြန်ခဲ့ပါသည်။  (ဖီလာဒဲလ်ဖီးယား)ရဲ့ အနောက်ဘက် ၇မိုင်ခန့်အကွာမှာရှိတဲ့
၎င်းဆေးရုံရဲ့ ပြန်လည်ထူထောင်ရေး စင်တာအတွင်းရှိ စိတ်ဝေဒနာရှင် လူနာတစ်ဦးက ပစ်ခတ်ခဲ့တာဖြစ်ြ့ပီး
ဆေးရုံဝန်ထမ်း သေဆုံးခဲ့ကာ ဆရာဝန်တစ်ဦးမှာတော့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ ရခဲ့ပါသည်။
 ဒဏ်ရာရခဲ့တဲ့ ဆရာဝန်ဟာ ၄င်းရဲ့ ကိုယ်ပိုင်သေနတ်နဲ့
ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့မှ ပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking