နယ်သာလန်နိုင်ငံမှ
ကျွမ်းကျင်သူများဟာ ယူကရိန်းအရှေ့ပိုင်း လေယာဉ်ပျက်ကျရာ ရပ်ဝန်းသို့ (၂၁-၇-၁၄) ရက်နေ့က
ရောက်ရှိခဲ့ပြီး နိုင်ငံသကာမှ အထူးကျွမ်းကျင်သူ ပညာရှင်များနဲ့ ပူးပေါင်း ဆောင်ရွက်နေပြီဖြစ်ကာ
နောက်ပိုင်းမှာ မလေးရှား ကျွမ်းကျင်သူများ ရောက်ရှိလာဖို့ မျှော်လင့်ကြောင်း ဒွန်းညက်စ်ရှိ
ရုရှားလိုလားသူ ခွဲထွက်ရေး သမားခေါင်းဆောင်များက ပြောကြားလိုက်ပါတယ်။ အနောက်နိုင်ငံများကတော့
ခွဲထွက်သူတို့ရဲ့ ရုပ်အလောင်း ကိစ္စကိုင်တွယ်ပုံကို အမြင်မကြည်ခဲ့ပေမယ့် ရုပ်အလောင်း(၂၈၂)လောင်း
အထိ ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီး တိုရိဇ်သို့ အအေးပေးရထားတွဲများဖြင့် ပေးပို့ထားပြီဖြစ်ကြောင်း
သိရပါသည်။ ယူကရိန်းအာဏာပိုင်များနဲ့ နိုင်ငံအရှေ့ပိုင်းမှ ခွဲထွက်ရေးသမားတို့ဟာ ကျွမ်းကျင်သူများကို
လေယာဉ်ပျက်ကျရာရပ်ဝန်း အတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့် ပြုထားပေမယ့် တစ်ဦးနဲ့တစ်ဦး
တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရပါသည်။ ပြီးခဲ့တဲ့ (၂၀-၇-၁၄) ရက်နေ့ကတော့ ယူကရိန်းအနေနဲ့
ခွဲထွက်သူများဟာ မလေးရှားလေယာဉ်ကို ပစ်ချခဲ့တဲ့ ရုရှားဒုံးကျည်နဲ့ ဆက်စပ်တဲ့ သဲလွန်စများကို
ထိန်ချန်ထားကြောင်းနဲ့ ဗြိတိန်ကတော့ ရုရှားအနေနဲ့ ပိုမိုဆိုးဝါးတဲ့ စီးပွားရေးပိတ်ဆို့မှုများနဲ့
ရင်ဆိုင်ရဖွယ်ရှိကြောင်း ချိန်းခြောက်ထားတယ်လို့ သိရှိရပါသည်။ ဥရောပလုံးဆိုင်ရာ လုံခြုံရေးနဲ့
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအက်စ်အီးစီ)ရဲ့ ပြောကြားချက်အရ ယူကရိန်းရဲ့ လုံခြုံရေးဟာ
ဆယ်သွယ်မှုကဏ္ဍမှာ အခြေခံကျမှုအပေါ် မလေးရှားနိုင်ငံသူ နိုင်ငံသားတို့ စိုးရိမ်နေကြောင်းနဲ့
(အိုအက်စ်အီးစီ) တာဝန်ရှိသူများအနေနဲ့ အမ်အိတ်ခ်ျ(၁၇)ရဲ့ ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို
လက်ခံနိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။ 
Geen opmerkings nie:
Plaas 'n opmerking