Vrydag 25 Julie 2014

ဓမ္မသိင်္ဂီသုံးထပ် အမျိုးသမီးယောဂီဆောင် ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနား

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ပရိယတ္တိ ပဋိပတ္တိ စာတိုက်ကုန်း မဏ္ဍလာ ရာမ ကျောင်းတိုက်အတွင်း အသစ်တည်ဆောက်မည့် ဓမ္မသိင်္ဂီသုံးထပ် အမျိုးသမီးယောဂီဆောင်  ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ဇူလိုင်လ (၂၅)ရက်နေ့ နံနက်တွင် အဆိုပါ ကျောင်းတိုက်ရှိ မဏ္ဍလာ ဓမ္မဗိမာန်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက လှူဘွယ်ဝတ္တု ပစ္စည်းများကို နိုင်ငံတော်သံဃ မဟာနာယက ဗဟိုဝန်ဆောင် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ ဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များထံ ဆက်ကပ် လှူဒါန်းသည်။ 


Geen opmerkings nie:

Plaas 'n opmerking