မလေးရှားနိုင်ငံ
ကွာလာလမ်ပူမြို့တွင် နေထိုင်သူ ဦးအောင်ခင် (ခ) ဦးတိုနီ (အသက် ၄၀)နှစ်ခန့် သည် ဇူလိုင်(၇)ရက်နေ့တွင်
ပီနန်ပြည်နယ်၊ ဘတ်တာဝပ်မြို့မှာလည်းကောင်း၊ ကွာလာလမ်ပူမြို့ ပူချွန်းအရပ်တွင် နေထိုင်သူ
နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးမျိုးပိုင် အသက်(၅၀)နှစ်ခန့်သည် ဇူလိုင်(၉)ရက်နေ့တွင်လည်းကောင်း
အသတ်ခံခဲ့ရပါသည်။ သို့ဖြစ်၍ မြန်မာသံရုံး ကွာလာလမ်ပူမြို့မှ သံအမတ်ကြီးသည် ဒီကနေ့တွင်
မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မလေးရှားရောက်
မြန်မာနိုင်ငံသား များ၏ လုံခြုံရေးနှင့် ယခုကဲ့သို့ ကိစ္စများ ထပ်မံဖြစ်ပွားမှု မရှိစေရေးအတွက်
အတတ်နိုင်ဆုံး အကာအကွယ် ပေးရန်နှင့် ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ် ဖမ်းဆီး
အရေးယူပေးရန် ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking