အီတလီရေတပ်ရဲ့
ပြောကြားချက်အရ အီတလီရှာဖွေရေးနဲ့ ကယ်ဆယ်ရေး စစ်ဆင်ရေးအဖွဲ့အနေနဲ့ မြေထဲပင်လယ်အတွင်း
ရွေ့ပြောင်းသူ (၁)ထောင်(၇)ရာခန့်ကို (၂၁-၇-၁၄) ရက်နေ့က ကယ်ဆယ်ခဲ့ကြောင်း သိရပါသည်။
လူဝင်မှုကြီးကြပ်ရေးစခန်းများမှာ ပြည့်လျံနေတဲ့အပြင် သာယာလှတဲ့ နွေဦးပင်လယ်ပြင်ဟာ အီတလီသို့
လာရောက်ဖို့ ဆွဲဆောင်နေသဖွယ် ဖြစ်နေပြန်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနကတော့ နောက်ပိုင်း
ဝင်ရောက်သူများအတွက် စစ်ရေးအခြေစိုက်စခန်းများကို ယာယီအိမ်ယာများအဖြစ် အသုံးပြုရန်
ပြောကြားထားပါသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိတ်ခ်ျစီအာ) ရဲ့
ခန့်မှန်းချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး တွက်ချက်ကြည့်ရင် ရွေ့ပြောင်းသူ (၆)သောင်း(၆)ထောင်
လောက် ပင်လယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်းနဲ့ ယခုနှစ်အတွင်း မြေထဲပင်လယ်ကို ဖြတ်ကျော်စဉ်မှာ
ရွေ့ပြောင်းလာသူ (၅၀၀) ဝန်းကျင်လောက် သေဆုံးခဲ့ကြောင်း (ယူအန်အိတ်ခ်ျစီအာ)ရဲ့ ခန့်မှန်းချက်အရ
သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking