ဇူလိုင်လ(၄)ရက်နေ့က အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့၏
အရှေ့ဘက်မြစ်ကမ်းမှာ မီးရှုးမီးပန်း ပစ်ဖောက်ပွဲ အခမ်းအနားကြီးကို ကျင်းပခဲ့ရာ ဘရုတ်ကလင်းနှင့်
မန်ဟက်တန် ကမ်းနားလမ်း တစ်လျှောက်တွင် စုပေါင်းရောက်ရှိနေကြသည့် လူစုကြီးကို စိတ်လှုပ်ရှား
စေခဲ့ကြောင်း သိရပါသည်။ ဒီနှစ်မှာတော့ ပွဲစီစဉ်သူများသည် ဘရုတ်ကလင်း တံတားတစ်ဝိုက်တွင်
လေကြောင်းပြပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ပြီး ထောင်းပေါင်းများစွာသော လူများသည် မီးရှုးမီးပန်းများကိုလည်း
ကြည့်ရှုခဲ့ကြပါသည်။ (အန်န်ဘီစီ)ရုပ်သံလိုင်းမှလည်း မီးရှုးမီးပန်းများ ပစ်ဖောက်မှုကို
တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပြီး အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှုကိုလည်း ပြသခဲ့ပါသည်။
ဇူလိုင်လ(၁၄)ရက်နေ့က အာသာမုန်တိုင်းသည် အရှေ့ဘက် ကမ်းရိုတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့်
အိုးရှန်းစီးတီး မယ်ရီလန်း နက်ရွှာ နယူးဟမ့်ပ်ရှိုင်းယားတို့ရှိ မြို့များသည် အခမ်းအနားကို
စနေနေ့ထိ ရွှေ့ဆိုင်းခဲ့ရပြီး ကော်နယ်တီကတ်ပြည်နယ်ရှိ မြို့များသည်လည်း ပျော်ပွဲရွှင်ပွဲ
အခမ်းအနားများကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking