အမေရိကအလယ်ပိုင်းမှ
ရွှေ့ပြောင်းလုပ်သားများကို သယ်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် ဇူလိုင်(၄)ရက်နေ့က ဆန်ဒီယေးဂိုးလေဆိပ်သို့
ဆင်းသက်ခဲ့ကြောင်း သိရပါသည်။ ၎င်းလေယာဉ်သည် တက္ကဆက်ပြည်နယ်မှ ထွက်ခွါလာတာဖြစ်ပြီး လူမှောင်ခိုကူးသည့်
ဂိုဏ်းများမှ အမေရိကန် မက္ကဆီကို နယ်စပ်ကိုဖြတ်ကာ ခေါ်ယူလာသည့် ဂွါတီမာလာ အယ်လ်ဆာဗာဒေါနှင့်
ဟွန်ဒူးရပ်စ်တို့မှ ရွှေ့ပြောင်းလုက်သား မိသားစုများကို တင်ဆောင်လာတာ ဖြစ်ပါသည်။ တက္ကဆက်မှာရှိသည့်
ရွှေ့ပြောင်းလုပ်သား အများစုကို ထိန်းသိမ်းထားခြင်း အသုံးအဆောင်များ စီစဉ်ပေးခြင်း အမေရိကန်
ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် ကယ်လီဖိုးနီးယားရှိ ရွှေ့ပြောင်းလုပ်သား
အများဆုံးတည်ရှိရာ ဒေသများတွင် ၎င်းတို့အတွက် ကာကွယ်မှုများနှင့် အစီအစဉ်များ လုပ်ဆောင်လျှက်ရှိပါသည်။
မနေ့ကရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သားများကို ရွှေ့ပြောင်းလုပ်သားများဆိုင်ရာရုံးသို့
ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့ကို အခြားမြို့များရှိ ဆွေမျိုးများနှင့် ထားရှိပေးခြင်း
(သို့မဟုတ်) လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းများမှ ထောက်ပံ့ပေးထားသည့် ယာယီအိမ်များတွင်
ထားရှိခြင်းများ ပြုလုပ်မှာဖြစ်ကြောင်း သိရှိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking