ရန်ကုန်မြိုတော်
စည်ပင်သာယာရေး ကော်မတီ၏ ၂၀၁၄ ခုနှစ် လှော်ကား ရေဝေရေလဲဒေသ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ
အခမ်းအနားကို ဇူလိုင်လ (၇)ရက်နေ့ နံနက်(၇)နာရီခွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်
လှော်ကား လမ်းမကြီးဘေး၌ ကျင်းပပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက
၂၀၁၄ ခုနှစ် လှော်ကားရေဝေရေလဲ ဒေသ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် ကံ့ကော်ပင်အား
လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်
တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ဝန်ကြီးများက သတ်မှတ်ထားသည့်
ပျိုးပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် စုပေါင်းသစ်ပင်စိုက်ပျိုး နေမှုများအား လှည့်လည်ကြည့်ရှု အားပေးပါသည်။
Geen opmerkings nie:
Plaas 'n opmerking