Maandag 07 Julie 2014

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဗြိတိန်နိုင်ငံ ဘီဂျီအုပ်စုမှ မူဝါဒနှင့် လုပ်ငန်းရေးရာ ဒုတိယဥက္ကဋ္ဌ ဆာဂျွန်ဂရန့် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဗြိတိန်နိုင်ငံ ဘီဂျီအုပ်စုမှ မူဝါဒနှင့် လုပ်ငန်းရေးရာ ဒုတိယဥက္ကဋ္ဌ ဆာဂျွန်ဂရန့် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဒီကနေ့ ဇူလိုင်လ(၇)ရက် မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ နှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးအောင်ထူး၊ ဒေါက်တာ မောင်မောင်သိမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။ အဲဒီလို တွေ့ဆုံရာတွင် စွမ်းအင်လုံခြုံရေး၊ စွမ်းအင်အသုံးပြုမှု စွမ်းရည်တိုးမြှင့် လာစေရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးတို့ဖြင့် အနာဂတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုလျက် ချမှတ်ထားသည့် စွမ်းအင်မူဝါဒအတိုင်း အကောင်အထည်ဖော်ရေး၊ ကမ်းလွန်သဘာဝ ဓါတ်ငွေ့ တူးဖော်ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Geen opmerkings nie:

Plaas 'n opmerking